နိုင်ငံတော်သမ္မတ၏ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် နှစ်သစ်မှာ အပျော်ဆုံးသူများ..
နိုင်ငံတော်သမ္မတ၏ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် သထုံအကျဉ်းထောင်မှအကျဉ်းသား ၄၃ ဦး လွတ်မြောက်သထုံ ဧပြီ ၁၇ နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် အကျဉ်းထောင်/စခန်း အသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံသားအကျဉ်းသား/သူ ၉၅၃၅ ဦးအား ဧပြီ ၁၇ ရက်က လွတ်ငြိမ်း သက်သာခွင့်ပေးခဲ့ရာ မွန်ပြည်နယ်၊ သထုံမြို့ရှိ သထုံအကျဉ်းထောင်မှ နိုင်ငံသားအကျဉ်းသား ၄၃ ဦး လွတ်ငြိမ်းခွင့် ရရှိခဲ့ကြောင်း သိရသည်။ “မည်သည့် ခံဝန်ချက်မျိုးမှ မထားဘဲ ခြွင်းချက်မရှိ လွှတ်ပေးတာပါ။ ကျွန်တော်တို့မှာ လွတ်ငြိမ်း သက်သာခွင့်က နှစ်မျိုးရှိတယ်။ တစ်ခုက စည်းကမ်းသတ်မှတ်ချက်ရှိတယ် လွှတ်ပေး လိုက်ရင် ကောင်းမွန်စွာနေထိုင်ပါမယ် ပြစ်မှုပြန်ကျူးလွန်ခဲ့ရင် လက်ရှိကျခံရတဲ့ ပြစ်ဒဏ်တွေကိုပါ ပြန်ပြီးကျခံ ပါမယ်ဆိုတာမျိုး နောက်တစ်ခုက အခုလွှတ်ပေးသလိုဘာအနှောင်အဖွဲ့မှ မထားဘဲလွှတ်ပေး တာမျိုးပါ” ဟု သထုံအကျဉ်းထောင်၏ ထောင်မှူး ဦးနိုင်ဝင်းက ပြောသည်။ နိုင်ငံတော်သမ္မတရုံးမှ ဧပြီလ ၁၇ ရက်တွင် အမိန့်အမှတ်၊ ၁၃/၂၀၁၉ ဖြင့် “မြန်မာနှစ်သစ်မင်္ဂလာ အခါသမယ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင...